2

သမ္မတသို့ ငြိမ်းချမ်းစွာ ဖြေရှင်းပေးရေး မေတ္တာရပ်ခံတိုက်တွန်းချက်

Embed Size (px)

DESCRIPTION

သို့သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နေပြည်တော်ရက်စွဲ ။ ။ ၇၊ ၃၊ ၂၀၁၅အကြောင်းအရာ ။ ။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံနေ ရပြီး ထိုင်သပိတ်ဆင်နွှဲနေသော ကျောင်းသားများအရေးကို ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံ တိုက်တွန်းခြင်း။၁။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖြေရှင်းနေသည့် ဖြစ်စဉ် ကို မိမိတို့က အပြည့်အ၀ ထောက်ခံပါသည်။၂။ ထို(၄)ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုမှ ရရှိထားသော ညှိနှိုင်းရလဒ်များကို ပြီးဆုံးအောင်မြင်သည်အထိ ငြိမ်းချမ်းစွာ ဆောင်ရွက်သွားနိုင်ရေးမှာ အထူးအရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။၃။ လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံနေရပြီး ထိုင်သပိတ်ဆင်နွှဲနေသော ကျောင်းသူ၊ ကျောင်းသားများ၏ ရန်ကုန်သို့ ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိရေး တင်ပြချက် (၈) ချက်မှာ (၄) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲရလဒ်ကို ငြိမ်းချမ်းစွာဖြင့် ဆက်လက်သယ်ဆောင်နိုင်ရန် တင်ပြထားသည့် တရားမျှတသော တောင်းဆိုချက်များဖြစ်သည်ဟု မိမိတို့ သဘော ရပါသည် ။၎။ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် လက်ပံတန်းဒေသတွင် ဖြစ်စေ၊ အခြားဒေသ အသီးသီးတွင်ဖြစ်စေ ငြိမ်းချမ်းစွာဖြင့် လှုပ်ရှားဆောင်ရွက်နေသော၊ ၀န်းရံထောက်ခံ ဆောင်ရွက်နေသော ကျောင်း သားများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက် ဖြေရှင်းမှုများ လုံးဝမပြုလုပ်ရန် မိမိတို့က အလေးအနက် မေတ္တာရပ် ခံပါသည်။ အကြမ်းဖက်ဖြေရှင်းလိုက်မည်ဆိုပါက မမျှော်လင့်နိုင်သော တင်းမာမှုများဖြစ်ပေါ်သွားနိုင်ရုံသာမက၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည်ဆိုသည့် အခြေအနေများကိုလည်း များစွာ အရုပ်ဆိုးသွားစေမည် ဖြစ်သည် ဟု မိမိတို့မှ ရှုမြင်ပါသည် ။၅။ လက်ရှိအနေအထားတွင် ရာသီဥတုမှာလည်း အလွန်ပူပြင်းနေသည့်အတွက် ထိုင်သပိတ်ဆင်နွှဲနေသော ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြအနေမှာ အထူးစိုးရိမ်စရာဖြစ်နေပါသည်။ ထို့အတွက် ၎င်းကျောင်းသားများ၏ ရန်ကုန်ပြန်လည်ရောက်ရှိရေးဆိုင်ရာ တောင်းဆိုမှုများကို အမြန်ဆုံးညှိုနှိုင်းဆွေးနွေးပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းပေးနိုင်ရန်မှာ အရေးတကြီးလိုအပ်ချက် ဖြစ်နေသည်ဟု မိမိတို့အနေဖြင့် ထောက်ပြလိုပါ သည်။၆။ ထိုသို့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ညှိနိုင်းဆောင်ရွက်မှုများကို မိမိတို့အနေဖြင့်လည်း အတတ်နိုင်ဆုံး ပါဝင် ကူညီဆောင်ရွက်သွားရန် သဘောထား အခိုင်အမာရှိပါသည်။၇။ ထို့အတွက် သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်တို့အနေဖြင့် အထူးသဖြင့် လက်ပံတန်းတွင် ထိုင်သပိတ်ဆင်နွှဲနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူများနှင့် အမြန်ဆုံးညှိနိုင်း ဖြေရှင်း ပေးပါရန် မိမိတို့ အင်အားစုအားလုံးမှ အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။၁။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)၂။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၃။ ကရင်အမျိုးသားပါတီ၎။ ကယန်းအမျိုးသားပါတီ၅။ မွန်အမျိုးသားပါတီ၆။ ဇိုမီး ဒီမိုကရေစီကွန်ရက်၇။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၈။ ကယန်းပြည်သစ်ပါတီ၉။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၁၀။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၁၁။ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)၁၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၁၃။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၁၄။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၁၅။ အရပ်ဘက် လူထုအဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၁၆။ ဒို့မြေကွန်ရက် (LIOH)၁၇။ အမျိုးသမီးများအဖွဲ့ကွန်ရက် (WON)၁၈။ Enabling Legal Environment for CSO Network၁၉။ ပြည်တွင်းလူမှုအဖွဲ့အစည်းများကွန်ရက် (3N)၂၀။ ကချင်ငြိမ်းချမ်းရေးကွန်ရက် (Kachin Peace Network)၂၁။ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာကွန်ရက် (MATA)၂၂။ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN)၂၃။ တောင်သူလယ်သမားသမဂ္ဂ (ဧရာဝတီတိုင်း)

Citation preview

Page 1: သမ္မတသို့ ငြိမ်းချမ်းစွာ ဖြေရှင်းပေးရေး မေတ္တာရပ်ခံတိုက်တွန်းချက်
Page 2: သမ္မတသို့ ငြိမ်းချမ်းစွာ ဖြေရှင်းပေးရေး မေတ္တာရပ်ခံတိုက်တွန်းချက်